(၂၀၂၁ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း ကျရောက်သော အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ ကြေညာခြင်း)

 (၂၀၂၁ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း ကျရောက်သော အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ ကြေညာခြင်း)



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့

(၂၀၂၁ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း ကျရောက်သော အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ ကြေညာခြင်း)

အမိန့်ကြော်ငြာစာအမှတ် (၄၁/၂၀၂၀)

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂ ရက်)

ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း ကျရောက်သော အများပြည်သူ တို့၏ အလုပ်ပိတ်ရက်များနှင့်စပ်လျဉ်း၍ စနေနေ့နှင့် တနင်္ဂနွေနေ့များဖြင့် တိုက်ဆိုင်နေသော အများပြည်သူ အလုပ်ပိတ်ရက်များအတွက် ခံစားခွင့်များမနစ်နာစေရန် တစ်ဆက်တည်းဖြစ်သော ရုံးဖွင့်ရက်များဖြင့် အစားထိုးဖြည့်စွက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်း နိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေပုဒ်မ ၂၅ အရ အောက်ဖော်ပြပါနေ့ရက်များမှာ အများပြည်သူတို့၏ အလုပ်ပိတ်ရက်များဖြစ်ကြောင်း ကြေညာလိုက်သည်-

စဉ်

နေ့

ရက်

အရေအတွက်

၁။

နိုင်ငံတကာနှစ်သစ်ကူးနေ့

၁-၁-၂၀၂၁

၁ ရက်

၂။

လွတ်လပ်ရေးနေ့

၄-၁-၂၀၂၁

၁ ရက်

၃။

ကရင်နှစ်သစ်ကူးနေ့

၁၃-၁-၂၀၂၁

၁ ရက်

၄။

ပြည်ထောင်စုနေ့

၁၂-၂-၂၀၂၁

၁ ရက်

၅။

တောင်သူလယ်သမားနေ့

၂-၃-၂၀၂၁

၁ ရက်

၆။

တပေါင်းလပြည့်နေ့

၂၆-၃-၂၀၂၁ မှ

၂၇-၃-၂၀၂၁ ထိ

၂ ရက်

၇။

တပ်မတော်နေ့

၂၇-၃-၂၀၂၁ မှ

၂၉-၃-၂၀၂၁ ထိ

၃ ရက်

၈။

မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များ

(သင်္ကြန် အကြို၊ အကျ၊ အကြတ်၊ အတက်၊ နှစ်ဆန်းတစ်ရက်)

၁၃-၄-၂၀၂၁ မှ

၁၉-၄-၂၀၂၁ ထိ

၇ ရက်

၉။

ကမ္ဘာ့အလုပ်သမားနေ့

၃၀-၄-၂၀၂၁ မှ

၁-၅-၂၀၂၁ ထိ

၂ ရက်

၁၀။

ကဆုန်လပြည့်နေ့

၂၅-၅-၂၀၂၁

၁ ရက်

၁၁။

အာဇာနည်နေ့

၁၉-၇-၂၀၂၁

၁ ရက်

၁၂။

ဝါဆိုလပြည့်နေ့

၂၃-၇-၂၀၂၁

၁ ရက်

၁၃။

သီတင်းကျွတ်ရုံးပိတ်ရက်များ

(အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော် (၁) ရက်နေ့)

၁၉-၁၀-၂၀၂၁ မှ

၂၁-၁၀-၂၀၂၁ ထိ

၃ ရက်

၁၄။

တန်ဆောင်တိုင်ရုံးပိတ်ရက်များ

(အဖိတ်နေ့၊ လပြည့်နေ့)

၁၇-၁၁-၂၀၂၁ မှ

၁၈-၁၁-၂၀၂၁ ထိ

၂ ရက်

၁၅။

အမျိုးသားအောင်ပွဲနေ့

၂၈-၁၁-၂၀၂၁ မှ

၂၉-၁၁-၂၀၂၁ ထိ

၂ ရက်

၁၆။

ခရစ္စမတ်နေ့

၂၄-၁၂-၂၀၂၁ မှ

၂၅-၁၂-၂၀၂၁ ထိ

၂ ရက်

၁၇။

နိုင်ငံတကာနှစ်သစ်ကူးအကြိုနေ့

၃၁-၁၂-၂၀၂၁

၁ ရက်

၁၈။

အီဒုလ်အဿွာဟာနေ့

x

၁ ရက်

၁၉။

ဒီပါဝလီနေ့

x

၁ ရက်





မှတ်ချက်။

(၁)

အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့နှင့် ဒီပါဝလီနေ့များအတွက် ကျရောက်မည့် နေ့ရက်များ ကို သီးခြားကြေညာပါမည်။


(၂)

ဘဏ်ပိတ်ရက်များကို သက်ဆိုင်ရာအဖွဲ့အစည်းက ကြေညာမည်ဖြစ်ပါသည်။

အမိန့်အရ
ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့



Comments